back

ဂျပန်နိုင်ငံတွင် မိခင်ဖြစ်သူမှ ၃ နှစ်အရွယ်နှင့် ကလေးငယ်ကို ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွါး

Feb 02 • 2:42 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံတွင် မိခင်ဖြစ်သူမှ ၃ နှစ်အရွယ်နှင့် ကလေးငယ်ကို ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွါး

ဂျပန်နိုင်ငံ၊ တိုကျို Masashino မြို့မှာ ၂၀၂၆ ဖေဖော်ဝါရီလ ၁ ရက်နေ့က အသက် ၈ နှစ်အရွယ် ကလေးလေးတစ်ယောက် ဒဏ်ရာတွေနဲ့ သွေးအလိမ်းလိမ်းနဲ့ နေအိမ်ကနေ ပြေးထွက်လာပြီး အနီ...

ဂျပန်နိုင်ငံ၊ တိုကျို Masashino မြို့မှာ ၂၀၂၆ ဖေဖော်ဝါရီလ ၁ ရက်နေ့က အသက် ၈ နှစ်အရွယ် ကလေးလေးတစ်ယောက် ဒဏ်ရာတွေနဲ့ သွေးအလိမ်းလိမ်းနဲ့ နေအိမ်ကနေ ပြေးထွက်လာပြီး အနီးအနားက လူတွေကို အော်ဟစ် အကူအညီတောင်းခံခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့တွေ ရောက်ရှိသွားတဲ့အခါ အသက် ၃ နှစ်အရွယ် ကလေးမလေးတစ်ယောက် သွေးအိုင်ထဲ ဓါး ဒဏ်ရာတွေနဲ့ လဲကျ သေဆုံးနေပြီး မိခင်ဖြစ်သူဟာလည်း လည်ပင်းမှာ ဒဏ်ရာတွေနဲ့ လဲကျနေတာကို တွေ့ရပါတယ်။ သူမဟာ ကလေးတွေကို တိုက်ခိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တာလို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ သူမရဲ့ အနီးမှာ သွေးစွန်းနေတဲ့ မီးဖိုချောင်သုံး ဓား ၂ ချောင်း ကို တွေ့ရှိခဲ့ရပါတယ်။ ၈ နှစ်အရွယ် သားအကြီးဖြစ်သူက မိခင်လက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အသက် ၃ နှစ်အရွယ် သမီးငယ်လေးမှာ မိခင်လက်ချက်နဲ့ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ လက်ရှိမှာ မိခင်ဖြစ်သူကို လူ သတ် ရန် ကြိုးပမ်းမှု နဲ့ ဖမ်းဆီးထားပါသည်။




news-view-count-icon

2