back

လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန် လူကယ်ပြန်ဝန်ကြီးဌာန အသိပေးနှိုးဆော်

Feb 02 • 4:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန် လူကယ်ပြန်ဝန်ကြီးဌာန အသိပေးနှိုးဆော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဆောင်းအကုန်နွေအကူးနှင့် မုတ်သုံမတိုင်မီကာလများတွင် ကျရောက်လေ့ရှိသည့် လေပြင်းဘေးအန္တရာယ်အတွက် ကြိုတ...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဆောင်းအကုန်နွေအကူးနှင့် မုတ်သုံမတိုင်မီကာလများတွင် ကျရောက်လေ့ရှိသည့် လေပြင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်အလက်များကို ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်အသိပေးခဲ့သည်။ ပြီးခဲ့သည့် ၁၁ နှစ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း ၂၅၄,၁၀၀ ကျော် ပျက်စီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပျက်စီးမှုအများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးဌာနအနေဖြင့် လွန်ခဲ့သည့် ၈ နှစ်တာအတွင်း နေအိမ်ပေါင်း ၈၆,၀၀၀ ကျော်ကို လေပြင်းဒဏ်ခံနိုင်ရန် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ၊ ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းများကို ဂရုပြုကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

news-view-count-icon

26