back

မန္တလေးမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ လူငယ်များကိုလည်း အိမ်စီးကားများဖြင့် ဆွဲတင်ဖမ်းဆီးမှုများ ဖြစ်ပေါ်နေပြီး ရဲစခန်းက လူပျောက်တိုင်ကြားမှုများကို ချက်ချင်းအမှုပေးမဖွင့်

Feb 02 • 4:36 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ လူငယ်များကိုလည်း အိမ်စီးကားများဖြင့် ဆွဲတင်ဖမ်းဆီးမှုများ ဖြစ်ပေါ်နေပြီး ရဲစခန်းက လူပျောက်တိုင်ကြားမှုများကို ချက်ချင်းအမှုပေးမဖွင့်

မန္တလေးမြို့တွင် လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ဖြစ်ပေါ်နေပြီး ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ်လုယက်သူများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျ...

မန္တလေးမြို့တွင် လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ဖြစ်ပေါ်နေပြီး ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ်လုယက်သူများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် မြို့ပေါ်တွင် လူငယ်များကို အိမ်စီးကားများဖြင့် ဖမ်းဆီးကာ မိဘများထံမှ သိန်းရာချီ၍ ငွေညှစ်ခြင်း သို့မဟုတ် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ ဇန်နဝါရီ ၃၀ ရက်ကလည်း ဆီကုန်သည်တစ်ဦး၏သားဖြစ်သူ ပြန်ပေးဆွဲခံရပြီး ငွေကျပ်သိန်း ၅၀၀ ဖြင့် ရွေးယူခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။ ရဲစခန်းများတွင် လူပျောက်တိုင်ကြားပါကလည်း ချက်ချင်းအမှုဖွင့်မပေးဘဲ စစ်မှုထမ်းရန် ဖမ်းဆီးခံရခြင်း ဟုတ်၊ မဟုတ် အရင်စုံစမ်းခိုင်းခြင်းများ ရှိနေကြောင်းသိရှိရပါသည်။

news-view-count-icon

19