back

ထိုင်းရွေးကောက်ပွဲအတွက် စစ်တမ်းပြုလုပ်ရာ People's Party ပါတီက ဦးဆောင်နေ

Feb 02 • 4:34 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရွေးကောက်ပွဲအတွက် စစ်တမ်းပြုလုပ်ရာ People's Party ပါတီက ဦးဆောင်နေ

ထိုင်းနိုင်ငံတွင် လာမည့် ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် IceSight Thailand မှ ပြုလုပ်သည့် အွန်လိုင်းစစ်တမ်းအရ People's Party သည် ထောက်ခံမှ...

ထိုင်းနိုင်ငံတွင် လာမည့် ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် IceSight Thailand မှ ပြုလုပ်သည့် အွန်လိုင်းစစ်တမ်းအရ People's Party သည် ထောက်ခံမှုအကြိမ်ရေ (Engagement) သန်း ၁၂၀ ကျော်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။ ဒုတိယနေရာတွင် ဖုယာ့ထိုင်းပါတီက သန်း ၃၀ နှင့် တတိယနေရာတွင် ဖှုန်ကျိုင်ထိုင်းပါတီက ၂၁ သန်းဖြင့် အသီးသီး ရပ်တည်နေသည်။ အဆိုပါ People's Party သည် ၂၀၂၃ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရမဖွဲ့နိုင်ခဲ့သည့် ပါတီဖြစ်ပြီး၊ ထိုင်းရောက် မြန်မာလုပ်သားများ၏ အခွင့်အရေးများဖြစ်သော CI စာအုပ်အစား ပန်းရောင်ကတ်ဖြင့် အစားထိုးရန်နှင့် မြန်မာစာသင်ကျောင်းများ ကာကွယ်ပေးရန်တို့ကို လွှတ်တော်၌ တောင်းဆိုပေးခဲ့ဖူးသည့် လူသားချင်းစာနာမှုရှိသော ပါတီအဖြစ် ဖော်ပြထားပါသည်။

news-view-count-icon

13