back

မဲဆောက်မှာ ချောင်းထဲရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးသွားတဲ့ မြန်မာလူငယ်တစ်ဦးကို ၄ နာရီကြာရှာဖွေခဲ့ပေမဲ့ ပြန်လည်တွေ့ရှိခြင်းမရှိ

Feb 02 • 4:33 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲဆောက်မှာ ချောင်းထဲရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးသွားတဲ့ မြန်မာလူငယ်တစ်ဦးကို ၄ နာရီကြာရှာဖွေခဲ့ပေမဲ့ ပြန်လည်တွေ့ရှိခြင်းမရှိ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်၊ မယ်ကုစမ်ထကျေးရွာရှိ မဲ့လမောင်းချောင်းအတွင်း (ဖေဖော်ဝါရီ ၁ ရက်) နေ့လယ်ပိုင်းက ရေဆင်းချိုးသည့် အသက် ၁၈ နှစ်အရွယ် မြန်မာလူငယ်...

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်၊ မယ်ကုစမ်ထကျေးရွာရှိ မဲ့လမောင်းချောင်းအတွင်း (ဖေဖော်ဝါရီ ၁ ရက်) နေ့လယ်ပိုင်းက ရေဆင်းချိုးသည့် အသက် ၁၈ နှစ်အရွယ် မြန်မာလူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးသွားကြောင်း သိရသည်။ အဆိုပါလူငယ်အား ရှာဖွေရန် ဖိထပ်ကန်လူမှုကူညီရေးအသင်း မှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၅ ဦးခန့်ဖြင့် ညနေ ၄ နာရီမှ ၆ နာရီအထိ ၄ နာရီကြာ (ကယ်ဆယ်ရေးလုပ်ငန်းစဉ်အရ) အပြင်းအထန် ရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးပေ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မဲဆောက်မြို့နယ်အတွင်း၌ပင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ဖူးကြောင်း l သိရှိရပါသည်။

news-view-count-icon

15