back

ရန်ကုန်တိရစ္ဆာန်ဥယျာဥ် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်ပွဲတော် ဒုတိယနေ့တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေ

Feb 02 • 2:53 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိရစ္ဆာန်ဥယျာဥ် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်ပွဲတော် ဒုတိယနေ့တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေ

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို ကျင်းပလျက်ရှိရာ ယမန်နေ...

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို ကျင်းပလျက်ရှိရာ ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ အများပြည်သူရုံးပိတ်ရက်လည်းဖြစ်တာကြောင့် လာရောက်လည်ပတ်သူများပြား စည်ကားခဲ့ပါတယ်။နှစ်ပေါင်း ၁၂၀ ပြည့်မြောက်သွားပြီဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရဲ့ နှစ်၁၂၀ပြည့်နှစ် အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားကိုတော့ မနေ့က ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်းမှာ ကျင်းပခဲ့တာပါ။သက်တမ်း ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး၊ ဈေးရောင်းပွဲတော်၊ အဆို၊ အက၊ မျက်လှည့်ပွဲများအပြင် ကလေးငယ်တွေအတွက် Talk Show တွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

news-view-count-icon

49