back

ကာလိမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား ၂၃၃ဦးကို ဖမ်းမိ

Feb 01 • 12:21 PM

breaking-news

မြန်မာ

ရှမ်း

cover

ကာလိမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား ၂၃၃ဦးကို ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ကျိုင်းလွန်း‌ ကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီးမှာနယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ သ...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ကျိုင်းလွန်း‌ ကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီးမှာနယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာရဲ့ တောင်ဘက် မီတာ၅၀၀ခန့်အကွာက မသင်္ကာဖွယ်ရာ အဆောက်အအုံတွေကို တွေ့ရှိရတဲ့အတွက် ဝင်ရောက်ရှာဖွေရာမှာ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ လုပ်ကိုင်တဲ့နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေသူတွေကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။ဆက်လက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဇန်နဝါရီ၃၀ရက် မနက်၁၁နာရီခွဲဝန်းကျင်က ဝမ်နမ့်မင်းကျေးရွာရဲ့ အရှေ့ဘက် မီတာ၃၀၀၀ခန့်အကွာမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၂၁ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပြီး မွန်းလွဲ၁နာရီခန့်မှာလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၇ဦးကို အဆောက်အအုံတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။သိမ်းဆည်းရမိတဲ့ ဆက်စပ်ပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကိုလည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်သလို နောက်ကွယ်ကပါဝင်နေသူတွေကိုလည်း ဆက်လက်ဖော်ထုတ်ကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။




news-view-count-icon

14