ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ယနေ့ ဖေဖော်ဝါရီ ၁ ရက် (တပို့တွဲလပြည့် ဩဝါဒပါတိမောက်အခါတော်နေ့) ၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ဘုရားဖူးပြည်သူများအား ထမနဲစတုဒီသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကျွေးမွေးလှူဒါန်းလျက်ရှိသည်။ အဆိုပါ စတုဒီသာအလှူတော်အတွက် ဗိုလ်တထောင်စေတီတော် ဝန်ထမ်းမိသားစုများ၏ (၄) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်ကတည်းက ကြိုတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ယနေ့တွင် ဘုရားဖူးလာ ရဟန်းရှင်လူအများအား ကြည်နူးဖွယ်ရာ ဒါနပြုဝေငှခဲ့ကြကြောင်း သိရှိရပါသည်။
Feb 01 • 6:44 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 25 | 0 | 0 | 0 |


