back

မှော်ဘီမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ

Feb 01 • 4:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မှော်ဘီမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းတန်းကျေးရွာရှိ အသုပ်ဆိုင်တစ်ဆိုင်တွင် နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဇန်နဝါရီလ ၂၈ ရက်က မှော်ဘီခရိုင်ရဲတ...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းတန်းကျေးရွာရှိ အသုပ်ဆိုင်တစ်ဆိုင်တွင် နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဇန်နဝါရီလ ၂၈ ရက်က မှော်ဘီခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ လောင်းကစားပြုလုပ်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဆိုင်အတွင်း နှစ်လုံးထီလောင်းကစားပြုလုပ်နေသူများဖြစ်သည့် အောင်မင်းထွေး (၄၇ နှစ်) နှင့် ဒေါ်ကေကေခိုင် (၄၄ နှစ်) တို့ကို လောင်းကစားဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးအား မှော်ဘီမြို့မရဲစခန်း၌ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

news-view-count-icon

13