back

ရန်ကုန်လေဆိပ်တွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများ စောင့်ကြပ်စစ်ဆေးဆောင်ရွက်နေ

Feb 01 • 4:11 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်လေဆိပ်တွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများ စောင့်ကြပ်စစ်ဆေးဆောင်ရွက်နေ

အိန္ဒိယနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် (Nipah virus) ကူးစက်မှုများ တွေ့ရှိရပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပမှ ဝင်ရောက်လာသူများကို ကူးစက်ရောဂါစောင့်...

အိန္ဒိယနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် (Nipah virus) ကူးစက်မှုများ တွေ့ရှိရပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပမှ ဝင်ရောက်လာသူများကို ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှ လာရောက်သော ခရီးသည်များကို အဖျားရောဂါနှင့် နီပါးရ်ဗိုင်းရပ်စ် သံသယလက္ခဏာများ ရှိ၊ မရှိ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ခရီးသွားပြည်သူများအား ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ပိုစတာများ ပြသခြင်းတို့ကို လေဆိပ်ရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရပါသည်။

news-view-count-icon

15