မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲသီဟက မီးအခြေခံသဘောတရား၊ မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သောအကြောင်းအရာများ၊ မီးဘေးအန္တရာယ်အကြောင်း၊တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်း မပြုလုပ်စေရေးနှင့် မီးခိုးမြူငွေ့ အန္တရာယ်ကင်းဝေစေရေး၊ မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့်လက်တွေ့မီးငြိမ်းသတ်ခြင်းများအား အသိပညာပေးဟောပြောခဲ့ပြီးကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။



