back

မန္တလေးတိုင်း၌ ယနေ့ တပို့တွဲလပြည့်နေ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ သံဃာတော်များ ထမနဲဆွမ်း ဆက်ကပ်

Feb 01 • 1:48 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်း၌ ယနေ့ တပို့တွဲလပြည့်နေ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ သံဃာတော်များ ထမနဲဆွမ်း ဆက်ကပ်

ယနေ့ ဖေဖော်ဝါရီ ၁ရက်(တပို့တွဲလပြည့်နေ့) နံနက်အာရုဏ်တက်ချိန်တွင် မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော်အမှူးပြု၍ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မျက်နှာ...

ယနေ့ ဖေဖော်ဝါရီ ၁ရက်(တပို့တွဲလပြည့်နေ့) နံနက်အာရုဏ်တက်ချိန်တွင် မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော်အမှူးပြု၍ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မျက်နှာသစ်တော်ရေဆက်ကပ်ပြီးနောက် ထမနဲဆွမ်း၊ ဆွမ်းများနှင့် သစ်သီးဆွမ်းများကို ကပ်လှူပူဇော်နေသည့် မြင်ကွင်းများဖြစ်သည်။"တပို့တွဲလ"သည် မြန်မာပြက္ခဒိန်၏ ဧကာဒဿမလ သို့မဟုတ် (၁၁)လမြောက်လဖြစ်ပြီး တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြဝါဒပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို “သြဝါဒပါတိမောက်” အခါတော်နေ့အဖြစ် သတ်မှတ်ပူဇော်ထားပါသည်။"သြဝါဒပါတိမောက်" ဆိုသည်မှာ "အပါယ်ဘေးမှကင်းဝေးစေသည့် အဆုံးအမတရား" ဟု ဖြစ်သည်။ရာသီပန်းအဖြစ် ပေါက်လဲပန်းများပွင့်ကြသည့် ချမ်းအေးလှသည့် “ကုံရာသီ” တပို့တွဲလမှာ မြန်မာတို့၏ ရိုးရာထမနဲပွဲများကိုလည်း ကျင်းပကြသည်။ တပို့တွဲလပြည့် အခါသမယတွင် သတင်းချစ်သူများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြ၍ လိုရာဆန္ဒကောင်းများ ပြည့်စုံစေပါကြောင်း မေတ္တာပို့သအပ်ပါသည်။

news-view-count-icon

21