back

မြန်မာ အမျိုးသား ယူ-၁၇ အသင်းနဲ့ အမျိုးသမီး ယူ-၁၇ အသင်းတို့ ဆုကြေးငွေများရရှိ

Feb 01 • 1:22 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ အမျိုးသား ယူ-၁၇ အသင်းနဲ့ အမျိုးသမီး ယူ-၁၇ အသင်းတို့ ဆုကြေးငွေများရရှိ

(၂၀၂၆)ခုနှစ်အတွင်း ကျင်းပမယ့် အာရှဖလား ယူ-၁၇ ပြိုင်ပွဲများကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ အမျိုးသား ယူ-၁၇ အသင်းနဲ့ အမျိုးသမီး ယူ-၁၇ အသင်းတို့ဟာ ဆုကြေး...

(၂၀၂၆)ခုနှစ်အတွင်း ကျင်းပမယ့် အာရှဖလား ယူ-၁၇ ပြိုင်ပွဲများကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ အမျိုးသား ယူ-၁၇ အသင်းနဲ့ အမျိုးသမီး ယူ-၁၇ အသင်းတို့ဟာ ဆုကြေးငွေများ အသီးသီး ရရှိခဲ့ကြကြောင်း သိရပါတယ်။ ဆုကြေးငွေများအဖြစ် မြန်မာ အမျိုးသား ယူ-၁၇ အသင်းက ကျပ် သိန်း (၅၅၀၀)၊ အမျိုးသမီး ယူ-၁၇ အသင်းက ကျပ် သိန်း (၃၅၀၀) အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အာရှဖလား ယူ-၁၇ အမျိုးသား ဘောလုံးပြိုင်ပွဲကိုတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ လာမယ့် မေလ (၇)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အာရှဖလား ယူ-၁၇ အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုတော့ တရုတ်နိုင်ငံမှာ လာမယ့် ဧပြီလ (၃၀)ရက်နေ့မှ မေလ (၁၇)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ပြိုင်ပွဲနှစ်ခုလုံးရဲ့ အုပ်စုမဲခွဲမှုကိုတော့ လာမယ့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

.


news-view-count-icon

28