back

ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၆ ဖွင့်ပွဲ ကျင်းပ

Feb 01 • 1:20 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၆ ဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စား...

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေ လေ့လာခြင်းများကိုခရီးသွားများ ပိုမိုစိတ်ဝင်တစားလာရောက် လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းစီစဉ်ကျင်းပသော ပြင်ဦးလွင် ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် ၂၀၂၆ ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ပြင်ဦးလွင်ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပသည်။အဆိုပါ စီတန်း၍ ဝင်ရောက်လာသော စက်ဘီးစီးသမား ၃၇၀ ကျော် အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ နှင့် တာဝန်ရှိသူများမှ အမှတ်တရ ဆုတံဆိပ်များ နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပြီးနောက် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

news-view-count-icon

29