ဇန်နဝါရီ ၃၀ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင်ထိုင်းတောင်ပိုင်းမှ မူးယစ်မှောင်ခိုသမားများသည် ချင်းရိုင်မှ စိတ်ကြွမူးယစ်ဆေးများကို သယ်ဆောင် ဖြန့်ဖြူးနေကြောင်း သတင်းရရှိသဖြင့် ချင်းရိုင်ခရိုင်၊ ဆန်ဆိုင်းခရိုင်ခွဲ ဘတ်စ်ကားဂိတ်သို့ ဝင်လာသည့် ကားများအား ရဲတပ်ဖွဲ့က တက်ရောက်စစ်ဆေးရာ ၂၂ နှစ်အရွယ် နန်းဆိုသည့် ကန်တန်း ခရိုင်သားနှင့် ၂၄ နှစ်အရွယ် ထရန်ခရိုင် ဟန်ဆန် ခုတ်ကျေးရွားသား နီဝပ်တို့ သယ်ဆောင်လာသည့် ခရီးဆောင်အိတ်ကြီး ၄ လုံးမှာ ထူးခြားစွာ အလွန် လေးလံနေသဖြင့် ရဲတပ်ဖွဲ့က ဖွင့်စစ်ရာ စိတ်ကြွဆေး ၁၂ သိန်းအထိ သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့ရသည်။ယင်းလူငယ်ကျောင်းသား ၂ ဦးသည် ဇန်နဝါရီလ လယ်ပိုင်းကတည်းက ထိုမူးယစ်ဆေးသေတ္တာများကို ချင်းရိုင် လေဆိပ်ဟောင်းအနီး နေရာတစ်ခုတွင် လာယူခိုင်းသဖြင့် သွားယူခဲ့ပြီး ထိုမှတစ်ဆင့် နာခွန်းဆီသမ်မာနတ် ခရိုင်သို့ ဘတ်စ်ကားဖြင့် ပို့ဆောင်ရန် ခိုင်းစေသဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။



