back

လမ်းပြင်ဆင်ထိန်းသိမ်းနေ၍ အမြန်လမ်းရှိ နေရာရှစ်ခုတွင် အရှိန်လျှော့ မောင်းနှင်ကြရန် မေတ္တာရပ်ခံ

Jan 31 • 5:29 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လမ်းပြင်ဆင်ထိန်းသိမ်းနေ၍ အမြန်လမ်းရှိ နေရာရှစ်ခုတွင် အရှိန်လျှော့ မောင်းနှင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ နေရာ ရှစ်ခုတွင် လမ်းပြင်ဆင်ထိန်းသိမ်းနေ၍အမြန်လမ်း အသုံးပြုသူများအနေဖြင့် ယင်းနေရာများတွင် အရှိန်လျှော့ မောင်းနှင်ကြရန်အမြန်လမ်းမက...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ နေရာ ရှစ်ခုတွင် လမ်းပြင်ဆင်ထိန်းသိမ်းနေ၍အမြန်လမ်း အသုံးပြုသူများအနေဖြင့် ယင်းနေရာများတွင် အရှိန်လျှော့ မောင်းနှင်ကြရန်အမြန်လမ်းမကြီး ထိန်း၊ပြင်အဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။အမြန်လမ်း မိုင်တိုင်အမှတ် ၁၈၈/၂ နှင့်၁၈၈/၃ ကြား (မန္တလေးမှ ရန်ကုန် အပြန်လမ်း)တွင်ရေပြွန်တူး ဖော်ပြုပြင်ခြင်း၊ မိုင်တိုင်အမှတ် ၁၉၀/ ၁နှင့် ၁၉၀/၃ အတွင်း (မန္တလေးမှ ရန်ကုန် အပြန်လမ်း) တွင် မှောက်ခုံချောင်းတံတား အတက်/အဆင်းလမ်းနှင့် တံတားပြုပြင်ခြင်း၊ မိုင်တိုင်အမှတ်၃၄၁/၅ နှင့် ၃၄၁/၆အတွင်း (မန္တလေးမှ ရန်ကုန်အပြန်လမ်း)တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်၃၂/၆ နှင့် ၃၂/၇ အတွင်း လသာကုန်း Under Pass(မန္တလေးမှရန်ကုန် အပြန်လမ်း)၌ ကွန်ကရစ်လမ်းခင်းခြင်း၊ မိုင်တိုင်အမှတ် ၁၄၅/၀ နှင့် ၁၄၅/၃အတွင်း ခပေါင်းတံတား(မန္တလေးမှရန်ကုန် အပြန်လမ်း)တွင် အတက်။ အဆင်းလမ်း ပြုပြင်ခြင်း၊မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ အတွင်း ဆွာချောင်းတံတား (မန္တလေးမှ ရန်ကုန် အပြန်လမ်း)တွင်တံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မိုင်တိုင်အမှတ် ၃၄၅/၇ နှင့် ၃၄၆/၃အတွင်း (ရန်ကုန်မှ မန္တလေး အသွားလမ်း)တွင်သမင်လွှဲရိုးတံတား အတက်/အဆင်းလမ်း ပြုပြင်ခြင်းနှင့် မိုင်တိုင်အ မှတ် ၃၄၇/၅ နှင့် ၃၄၇/၆အတွင်း(ရန်ကုန်မှ မန္တလေး/မန္တလေးမှ ရန်ကုန် အသွားလမ်း/အပြန်လမ်း)၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အမြန်လမ်းမကြီးအား အသုံးပြုသွားလာနေကြသော ယာဉ်မောင်းများ အနေဖြင့် ယင်းမိုင်တိုင်များအနီး ချဉ်းကပ်ချိန်တွင် သတိပြု၍အရှိန်လျှော့မောင်းနှင်ကြရန် အမြန်လမ်းမကြီး ထိန်း/ပြင်အဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။

news-view-count-icon

17