တရုတ်နိုင်ငံ၊ ယန်ဇီမြစ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၁၀ နှစ်ကြာ ငါးဖမ်းခွင့်ပိတ်ပင်ထားခြင်းကြောင့် ယန်ဇီ ဆူးတောင်မဲ့လင်းရှူးအကောင်ရေမှာ ၂၀၂၂ ခုနှစ်စစ်တမ်းကောက်ယူမှုနှင့် နှိုင်းယှဉ်ပါက ၁၇၇ ကောင် တိုးပွားလာကာ ၁,၄၂၆ ကောင်အထိ မြင့်တက်လာခဲ့ကြောင်း ဇန်နဝါရီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲအရ သိရသည်။ ယန်ဇီ ဆူးတောင်မဲ့လင်းရှူးသည် နိုင်ငံတော်အဆင့် ပထမတန်းစား ကာကွယ်ထိန်းသိမ်းထားသည့် တောရိုင်းတိရစ္ဆာန်တစ်မျိုး ဖြစ်ကာ ထိုလင်းရှူးအကောင်ရေက ယန်ဇီမြစ် ဂေဟဗေဒပတ်ဝန်းကျင်၏ ဘာရိုမီတာလည်း ဖြစ်သည်။



