back

တစ်ကီလိုလျှင် ၃ သိန်းခွဲခန့်အထိ ဈေးနှုန်းရှိသည့် တရုတ်နိုင်ငံမှ "ပုလဲအနက်" စတော်ဘယ်ရီများ ရေပန်းစားနေ

Jan 30 • 7:28 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တစ်ကီလိုလျှင် ၃ သိန်းခွဲခန့်အထိ ဈေးနှုန်းရှိသည့် တရုတ်နိုင်ငံမှ "ပုလဲအနက်" စတော်ဘယ်ရီများ ရေပန်းစားနေ

တရုတ်နိုင်ငံဈေးကွက်တွင် "ပုလဲအနက်" သို့မဟုတ် "Black Beauty (Red Beauty)" ဟုခေါ်သည့် အနက်ရောင်စတော်ဘယ်ရီများမှာ တစ်ကီလိုဂရမ်လျှင် မြန်မာငွေ ကျပ် ၁ သိန်းမှ ၃ သိန်...

တရုတ်နိုင်ငံဈေးကွက်တွင် "ပုလဲအနက်" သို့မဟုတ် "Black Beauty (Red Beauty)" ဟုခေါ်သည့် အနက်ရောင်စတော်ဘယ်ရီများမှာ တစ်ကီလိုဂရမ်လျှင် မြန်မာငွေ ကျပ် ၁ သိန်းမှ ၃ သိန်းခွဲခန့်အထိ မြင့်မားသောဈေးနှုန်းဖြင့် ရေပန်းစားလျက်ရှိသည်။ အဆိုပါစတော်ဘယ်ရီ၏ ထူးခြားသောအရောင်မှာ ကျန်းမာရေးအတွက်အကျိုးပြုသည့် anthocyanin ဓာတ် ကြွယ်ဝမှုကြောင့်ဖြစ်ပြီး သာမန်စတော်ဘယ်ရီများထက် သကြားဓာတ်နှင့် အချိုဓာတ် (၁၆-၁၉ ဒီဂရီအထိ) ပိုမိုမြင့်မားကာ အရသာလည်း ပိုမိုထူးကဲလှသည်။ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်မြင့်မားခြင်းနှင့် အရည်အသွေးမြင့် ထုတ်လုပ်မှုပမာဏ နည်းပါးခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်မားရခြင်းဖြစ်ပြီး ယူနန်၊ စီချွမ်နှင့် စန်တုန်းပြည်နယ်တို့ရှိ ဒေသအနည်းငယ်တွင်သာ အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

28