ဗြိတိသျှလေကြောင်းလိုင်းမှခရီးသည်တင် လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင်အမေရိကန်ပြည်ထောင်စုလပ်စ်ဗီးဂတ်မြို့ဟာရီရိဒ်နိုင်ငံတကာလေဆိပ်မှပျံတက်နေချိန်တွင်လေ ယာဉ်ဘီးတစ်လုံး ပြုတ်ထွက်ခဲ့ရကြောင်းသိရသည်။ခရီးစဉ်အမှတ် - ဘီအေ၂၇၄အဲဘတ်စ် အေ-၃၅၀-၁၀၀၀ အမျိုးအစား ယင်းခရီးသည်တင်လေယာဉ်သည် ဟာရီရိဒ်လေဆိပ်မှ ပျံတက်ခဲ့ပြီးနောက် လေထုထဲသို့ရောက်ရှိနေချိန်တွင် လေယာဉ်ဘီးတစ်လုံး ကျွတ်ထွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါခရီးသည်တင်လေယာဉ်သည် မူလအစီအစဉ်အတိုင်း ဆက်လက်ပျံသန်းခဲ့ရာ ကိုး
နာရီနှင့် ၁၇ မိနစ်အကြာတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဟိသရိုးလေဆိပ်၌ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့သည်။ခရီးစဉ်အမှတ်-ဘီအေ ၂၇၄ခရီးသည်တင်လေယာဉ် ပြုတ်ထွက်ခဲ့သည့် ဘီးမှာ လေယာဉ်နောက်ပိုင်းလက်ယာဘက်ဘီးတံမှ ဘီးဖြစ်ကြောင်းဟာရီရိဒ်လေဆိပ်တာဝန်ရှိ သူများကပြောကြားသည်။လေယာဉ်ဘီး ကျွတ်ထွက်မှုကြောင့် ဟာရီရိဒ် လေဆိပ် မြေပြင်ပေါ် ရှိ မည်သူတစ်ဦးတစ်ယောက်မျှအထိအခိုက်မရှိခဲ့ကြောင်း သိ်ရသည်။အဲဘတ်စ်-အေ-၃၅၀-၁၀၀၀အမျိုးအစား လေယာဉ်များသည်ေလယာဉ်နောက်ပိုင်း လက်ဝဲ၊ လက်ယာဘီးတံများ၌ ဘီးအလုံးရေခြောက်လုံးစီ တပ်ဆင်ထားသောလေယာဉ်များဖြစ်ကြသည်။ယင်းခရီးသည်တင်လေယာဉ်မှပြုတ်ထွက်ခဲ့သည့်ဘီးမှာလက်ယာဘက်ဘီးတံတွင်တပ်ဆင်ထားသောအပြင်ဘက်အကျဆုံးဘီး ဖြစ်ကြောင်းသိရသည်။လက်ရှိအချိန်တွင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗြိတိသျှလေကြောင်းလိုင်းက စုံစမ်းစစ်ဆေးလျက်ရှိသည်။



