ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာချက်အမှတ် (၂၅/၂၀၂၆) ကို ထုတ်ပြန်၍ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ် ၉ ခုမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇၉ ဦး ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါရွေးကောက်ခံရသူများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အများစုပါဝင်ပြီး ပြည်သူ့ပါတီ (PP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်း မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) တို့ဖြင့် အသီးသီး ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရှိရပါသည်။
Jan 30 • 3:49 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


