back

စင်ကာပူ MRT ရထားပေါ်တွင် မိန်းကလေးငယ်များကို ညစ်ညမ်းစာသားများပြ၍ နှောင့်ယှက်သူအား ထောင်ဒဏ် ၁၂ ရက် ချမှတ်

Jan 30 • 3:39 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ MRT ရထားပေါ်တွင် မိန်းကလေးငယ်များကို ညစ်ညမ်းစာသားများပြ၍ နှောင့်ယှက်သူအား ထောင်ဒဏ် ၁၂ ရက် ချမှတ်

စင်ကာပူနိုင်ငံသား အသက် ၂၆ နှစ်အရွယ် Tan Tee Yong ဆိုသူသည် MRT ရထားပေါ်တွင် ဆယ်ကျော်သက်မိန်းကလေးငယ်များကို ၎င်း၏ဖုန်းအတွင်းရှိ ရိုင်းစိုင်းညစ်ညမ်းသော စာသားများ လ...

စင်ကာပူနိုင်ငံသား အသက် ၂၆ နှစ်အရွယ် Tan Tee Yong ဆိုသူသည် MRT ရထားပေါ်တွင် ဆယ်ကျော်သက်မိန်းကလေးငယ်များကို ၎င်း၏ဖုန်းအတွင်းရှိ ရိုင်းစိုင်းညစ်ညမ်းသော စာသားများ လိုက်လံပြသကာ နှောင့်ယှက်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၂ ရက် ချမှတ်ခံခဲ့ရသည်။ ၎င်းသည် ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက သီးခြားစီဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှစ်ခုတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သည့် စာသားများပြသခဲ့ခြင်းဖြစ်သည်။ နစ်နာသူမိန်းကလေးများက ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အမျိုးသမီးတစ်ဦး၏ သိက္ခာကို တမင်သက်သက် စော်ကားမှုဖြင့် ဇန်နဝါရီ ၂၉ ရက် တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

17