back

အာဖရိကဖလားဗိုလ်လုပွဲကို ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ မော်ရိုကိုအသင်းရဲ့ အဆိုကို အာဖရိကဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်

Jan 30 • 2:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဖရိကဖလားဗိုလ်လုပွဲကို ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ မော်ရိုကိုအသင်းရဲ့ အဆိုကို အာဖရိကဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်

အာဖရိကဖလားဗိုလ်လုပွဲကို ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ မော်ရိုကိုအသင်းရဲ့ အဆိုကို အာဖရိကဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်ခဲ့ပါတယ် ။ ဒါ့အပြင် ဗိုလ်လုပွဲက ဖြစ်ရပ်...

အာဖရိကဖလားဗိုလ်လုပွဲကို ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ မော်ရိုကိုအသင်းရဲ့ အဆိုကို အာဖရိကဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်ခဲ့ပါတယ် ။ ဒါ့အပြင် ဗိုလ်လုပွဲက ဖြစ်ရပ်တွေအတွက် ၂ သင်းစလုံးကို ပွဲပယ်မှုတွေနဲ့ ဒဏ်ငွေပေးဆောင်စေမှုတွေလည်း ပြုလုပ်ခဲ့ပါတယ် ။ ဆီနီဂေါနည်းပြ ပါပေသီယောက်က ၅ ပွဲပယ်ခံခဲ့ရပြီး အစ္စမေလာဆားလည်း ၂ ပွဲပယ်ခံခဲ့ရပါတယ် ။ မော်ရိုကိုအသင်းဘက်မှာလည်း အဓိကနောက်တန်းကစားသမား ဟာခီမီ ၂ ပွဲပယ်ခံခဲ့ရပါတယ် ။ ဆီနီဂေါအသင်းဟာ ယူရို ၅ သိန်းကျော် ဒဏ်ငွေပေးဆောင်ရမှာဖြစ်သလို မော်ရိုကိုအသင်းဘက်မှာတော့ ဆီနီဂေါဂိုးသမားရဲ့ ပုဝါကို ရယူဖို့ကြိုးစားတဲ့ ball boy တွေအတွက်အပါအဝင် ယူရို ၃ သိန်းခွဲခန့် ပေးဆောင်ရမှာပဲ ဖြစ်ပါတယ် ။

news-view-count-icon

13