ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် ဈေးရောင်းချနေသည့် မြန်မာအမျိုးသမီး ၁ ဦးနှင့် ရေခဲပို့သည့် မြန်မာအမျိုးသား ၂ ဦးအား သတ်မှတ်ချက်ထက် ကျော်လွန်အလုပ်လုပ်ကိုင်သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချင်းမိုင်မြို့နယ်၊ စီဖွန်း (Si Phum) ရပ်ကွက်ရှိ ဆိုင်များအား ဝင်ရောက်စစ်ဆေးခဲ့ပြီး ဈေးရောင်းချနေသည့် မြန်မာအမျိုးသမီး ၁ ဦးအား သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်ခြင်းဖြင့် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ ၎င်းသည် ဆန်နှင့် ကောက်ညှင်းရောင်းသည့် အလုပ်ကို တစ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး တစ်လလျှင် ၁၀,၀၀၀ ဘတ် ရရှိသည်ဟု ဝန်ခံခဲ့ကြောင်း၊ ဥပဒေအရ အရေးယူနိုင်ရန် ချန်းဖွန့် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။



