ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လူရိုက် ဆိုင်ကယ်လုယူသူ ၃ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း အဖွဲ့များမှ နှစ်ရက်အတွင်းရှာဖွေဖမ်းဆီး ခဲ့ကြောင်းသိရသည်။ကျိုင်းတုံမြို့ ကပ်လွယ်လုံအုပ်စုကပ်ဝိုးကျေးရွာအနီးတွင်ဆိုင်ကယ်စီးလာသူရွာသားအားတုတ်ဖြင့်ရိုက်၍ လုယူသွားသူ ၃ ဦးအား ရပ်ကွက် ၁ အုပ်ချုပ်ရေးမှူး ၊ ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း အဖွဲ့များမှရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။



