back

နျူကလီးယား သဘောတူညီမှု ရယူရေး အီရန်မှာ အချိန်မရှိတော့ဘူးလို့ အမေရိကန်သမ္မတထရန့်မှ ပြောလာ

Jan 29 • 7:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

နျူကလီးယား သဘောတူညီမှု ရယူရေး အီရန်မှာ အချိန်မရှိတော့ဘူးလို့ အမေရိကန်သမ္မတထရန့်မှ ပြောလာ

ပင်လယ်ကွေ့မှာ အမေရိကန်က စစ်အင်အား တိုးမြှင့်ချထားပြီးနောက်သမ္မတ ဒေါ်နယ် ထရန့်က အီရန် အနေနဲ့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရယူဖို့ အချိ...

ပင်လယ်ကွေ့မှာ အမေရိကန်က စစ်အင်အား တိုးမြှင့်ချထားပြီးနောက်သမ္မတ ဒေါ်နယ် ထရန့်က အီရန် အနေနဲ့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရယူဖို့ အချိန် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ပြောပါတယ်။သမ္မတထရန့်ကတော့ ရေတပ်သင်္ဘော အုပ်စု အီရန်နိုင်ငံအနီး ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောထားပါတယ်။အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အီရန်စစ်တပ်အနေနဲ့ မောင်းတင်ထားပြီး ဖြစ်သလို ရန်စ တိုက်ခိုက်မှု မှန်သမျှကို ချက်ချင်း အင်းအားပြည့် တုံ့ပြန်ဖို့ အဆင်သင့် ရှိတယ်လို့ ဆိုပါတယ်။မြေပြင်က ဖြစ်စေ ဝေဟင်က ဖြစ်စေ တိုက်ခိုက်လာမယ်ဆိုရင် အင်အားအားလုံးကို သုံးပြီး တုံ့ပြန် တိုက်ခိုက်မှာ ဖြစ်ကြောင်း အီရန်က ပြောထားပါတယ်။မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ အီရန်က အခိုင်အမာ ပြောဆိုထားပြီး နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းးနေတယ်ဆိုတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စွပ်စွဲချက်ကို အကြိမ်ကြိမ် ပယ်ချထားပါတယ်။အီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ နှိမ်နှင်းခံရပြီးနောက် အမေရိကန်က ကူညီပေးမှာ ဖြစ်ကြောင်း ထရန့်က ကတိပေးခဲ့ပြီးနောက် အခုလိုမျိုး သတိပေးလာတာပါ။အီရန်မှာ ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်း ပျံ့နှံ့လာပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ထောင်နဲ့ချီ ရှိလာချိန်မှာ ထရန့်က ကြားဝင် ဖြေရှင်းမယ်လို့ ပြောဆိုခဲ့ပါတယ်။နောက်ပိုင်းမှာ သူက လေသံလျှော့ပြီး ဆန္ဒပြသူတွေကို အီရန်က ကွပ်မျက်သတ်ဖြတ်တာတွေ မလုပ်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်ဒီဇင်ဘာ လကုန်ပိုင်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၆၃၀၁ ဦးရှိကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA က ပြောပါတယ်။



news-view-count-icon

17