ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ ရွှေမှော်တွေပိတ်သွားတဲ့တွက် မှော်ဒေသက ကုန်စိမ်းသည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။တနိုင်းမြို့နယ် နမ်ဗျူ၊ လမုန်ချောင်းတစ်လျှောက် မှော်တွေနဲ့ ဝိုင်လောမှော်စတဲ့ ပယင်းမှော်၊ရွှေမှော်ဒေသတွေမှာနယ်မြေမတည်ငြိမ်မှုတွေကြောင့် မှော်ဒေသမှာရှိတဲ့ ကုန်စိမ်းသည်တွေအနေနဲ့ အရောင်းအဝယ်မဖြစ်တော့ပဲ ဟင်းသီး၊ဟင်းရွက်အားလုံး ပုပ်သိုးကုန်ပြီလို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။



