ပြည်တွင်းတွင် စျေးကွက်အပြောင်းအလဲများနှင့်အတူ မန္တလေးမြို့တွင်လည်း ဂျပန်တစ်ပတ်ရစ်အိမ်စီးကားများမှာ ဈေးနှုန်းပိုမို၍ စျေးခေါ်ပြီးရောင်းချလာကြကြောင်း မန္တလေးကားဈေးကွက်မှသိရသည်။ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဈေးတန်းတစ်ခုမှ ကျပ်(၂၅)သိန်းနှင့် သိန်း(၅၀)ကြား ဈေးပိုခေါပြီးရောင်းလာကြခြင်းဖြစ်ကြောင်း ဝယ်ရောင်းအကျိုးဆောင်များက ဆိုကြသည်။အရောင်းအဝယ်ဖြစ်သည်မဖြစ်သည်ထက် ငွေကြေးဖောင်းပွမှုဒဏ်မခံရအောင် ရွှေဈေးနှင့်ချိန်၍ ကားဈေးကိုပါ အလိုက်သင့်ဈေးဆွဲတင်နေကြခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်များလည်းရှိသည်။ပြည်တွင်းဂျပန်တစ်ပတ်ရစ်ကားဈေးကွက်အတွင်း Model နိမ့်သော်လည်း လူကြိုက်များနေသေးသည့် အိမ်စီးကားများအပါအဝင် 2010 နှင့်အထက် အိမ်စီးကားများ၊ ဈေးတန်းခပ်မာမာဖြင့် အရောင်းအ၀ယ် ပုံမှန်ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။



