back

အမြန်လမ်းတွင် ယာဉ်တစ်စီးလျှင် ၂၃ တန်သာ ဖြတ်သန်းခွင့်ပြု

Jan 28 • 12:50 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမြန်လမ်းတွင် ယာဉ်တစ်စီးလျှင် ၂၃ တန်သာ ဖြတ်သန်းခွင့်ပြု

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်တစ်စီးကို ခရီးသည်နဲ့ကုန်အပါအဝင်(၂၃)တန်အထိသာ ဖြတ်သန်းခွင့်ပြုထားပြီး သတ်မှတ်ထားတာထက်ပိုတဲ့ ယာဉ်တွေကို အမြန်လမ်းမှာ လုံး...

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်တစ်စီးကို ခရီးသည်နဲ့ကုန်အပါအဝင်(၂၃)တန်အထိသာ ဖြတ်သန်းခွင့်ပြုထားပြီး သတ်မှတ်ထားတာထက်ပိုတဲ့ ယာဉ်တွေကို အမြန်လမ်းမှာ လုံးဝ သုံးစွဲခွင့်ပြုမှာ မဟုတ်ဘူးလို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ရန်ကုန်ကနေ နေပြည်တော်ကိုသွားတဲ့ လမ်းပေါ်ရှိ တံတားကလည်း အရေးပေါ် ယာယီအသုံးပြုနိုင်ဖို့ တံတား အောက်က ဒေါက်တွေထောက်တာ၊ တံတားအပေါ်မှာ ဘေလီသံပေါင်တွေ တပ်ဆင်တာတွေ ပြုလုပ်ပြီး သုံးစွဲနေရတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် တံတားကို အသစ်ပြန်လည်တည်ဆောက်ပြီးစီးမဲ့ ၂၀၂၆ ခုနှစ်၊ မတ်လကုန်အထိ အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေးအတွက် ယာဉ်တစ်စီးကို ခရီးသည်နဲ့ ကုန်အပါ(၂၃) တန် အထိသာ ဖြတ်သန်းခွင့် ပြုထားတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။အဲဒီအပြင် အမြန်လမ်း တိုးဂိတ် ကတ္တားတွေမှာ ခရီးသည်တင် မှန်လုံယာဉ်ကြီးတွေ နဲ့ ခွင့်ပြုကုန်စည်တင်ယာဉ် တွေကို ယာဉ်၊ ခရီးသည်၊ ပစ္စည်း (၂၃) တန်အထိ အများဆုံး သယ်ဆောင်ခွင့်ပြုထားတာ ဖြစ်တယ်လို့လည်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။



news-view-count-icon

21