၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ နိုင်ငံခြားမှတင်သွင်းသည့် နာတာရှည်လူနာများ သုံးစွဲနေရသည့် ဆေးဝါးများနှင့် အိမ်သုံးဆေးများ ပစ္စည်းပြတ်ပြီး စျေးနှုန်းမျာ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် ရောင်းချသူနှင့် သုံးစွဲသူများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။နိုင်ငံခြားမှတင်သွင်းသည့် ဆေးများရောင်းချရာတွင် တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် တရားမဝင် အောက်လမ်းမှ ဝင်ရောက်လာသည့် ဆေးများကိုသာ ဝယ်ယူရောင်းချနေရပြီး၊ အဆိုပါဆေးများသည် တရားဝင် မှတ်ပုံတင်ထားသည့် ဆေးဝါးများဖြစ်ရန် ဂရုစိုက်ရောင်းချနေရကြောင်း သိရ သည်။ယခုရက်ပိုင်းအတွင်း အိမ်သုံးဆေးများဖြစ်သည့် Biogesic, Paracetamol, Air-X, Neurobian, Bioflor စသည့် ဆေးဝါးများ စျေးနှုန်းများအဆမတန် မြင့်တက်လာခြင်းကြောင့် ဝယ်ယူရောင်းချသူအချို့မှာလည်း အခက်အခဲဖြစ်ပေါ် နေကြောင်း သိရသည်။



