back

မြိတ်မှာ အုပ်ချုပ်ရေးမှူးရုံးဘေး အဆောက်အဦ မီးလောင်လို့ ယာယီချုပ်ထားတဲ့ အချုပ်သားသေဆုံး

Jan 28 • 12:31 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

မြိတ်မှာ အုပ်ချုပ်ရေးမှူးရုံးဘေး အဆောက်အဦ မီးလောင်လို့ ယာယီချုပ်ထားတဲ့ အချုပ်သားသေဆုံး

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ၊ မွန်းလွဲပိုင်း ၂ နာရီ ၈ မိနစ်လောက်မှာတနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးဘေးမှာရှိတဲ့ ...

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ၊ မွန်းလွဲပိုင်း ၂ နာရီ ၈ မိနစ်လောက်မှာတနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးဘေးမှာရှိတဲ့ သမဝါယမ နှစ်ထပ်အဆောင် မီးလောင်မှု ဖြစ်ပွားပြီး ယာယီချုပ်ထားတဲ့ အချုပ်သား တယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ အဆိုပါ မီးလောင်မှုဖြစ်စဥ်ကို နယ်မြေခံပရဟတိအဖွဲ့တွေနဲ့ သက်ဆိုင်ရာ နယ်မြေခံ မီးသတ်ဌာနတို့ ပူးပေါင်း ငြိမ်းသတ်ခဲ့တာ ဖြစ်ကြောင်း ၊ မီးလောင်ချိန်က ၁၀ မိနစ်လောက်သာ ကြာမြင့်တယ်လို့ သိရပါတယ်။ 





news-view-count-icon

12