ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား၌ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြဝတီမြို့နယ်၊ အမှတ်(၃) ရပ်ကွက်နေ မချောစုသင်း(ခ) ချောစု (၃၉)နှစ် မောင်းနှင်လာသည့် YGN-34 2K-xxxx TOYOTA VOXY မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ချောစုသင်း(ခ) ချောစုအား မြဝတီမြို့မရဲစခန်း (ပ)၂၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။



