အလုပ်ခွင်မှာ စိတ်ဖိစီးမှုများတာဟာ လူတွေကို Gay ဖြစ်သွားစေနိုင်တယ်လို့ မလေးရှားဝန်ကြီးတစ်ဦးက ပြောဆိုခဲ့တဲ့အတွက် လူထုအကြားမှာ လှောင်ပြောင်ရယ်မောစရာ ဖြစ်နေပါတယ်။ အစိုးရအနေနဲ့ LGBTQ အသိုင်းအဝိုင်းအပေါ် ဖိအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေချိန်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ "ဒါဆို လွှတ်တော်ထဲမှာရော အလုပ်မကြိုးစားကြဘူးလား" ဆိုပြီးတော့တောင် ပြည်သူတွေက လှောင်ပြောင်နေကြပါတယ်။လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း LGBTQ လူနေမှုပုံစံကို အားပေးရာရောက်တယ်ဆိုပြီး Camping ခရီးစဉ်တစ်ခုကို Sultan တစ်ဦးနဲ့ နိုင်ငံရေးသမားတွေက တိုင်ကြားခဲ့လို့ ဘာသာရေးအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က အဆိုပါ လိ-င်စိတ်ကွဲပြားသူတွေကို ပစ်မှတ်ထား အရေးယူမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။အခုတစ်ခေါက်မှာတော့ သာသနာရေးဝန်ကြီး Zulkifli Hasan က အလုပ်ခွင် စိတ်ဖိစီးမှုဟာ လူတွေကို လိ-င်စိတ်ပြောင်းလဲသွားစေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့က ထပ်မံပြောကြားလိုက်တာ ဖြစ်ပါတယ်။ 
အလုပ်ဖိစီးမှုကြောင့် Gay ဖြစ်နိုင်တယ်ဆိုတဲ့ သာသနာရေးဝန်ကြီးရဲ့ စကားကို မလေးရှားပြည်သူတွေ လှောင်ပြောင်
Jan 28 • 8:44 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


