back

ပါမောက္ခချုပ်ဆရာတော်ကြီး အသေးစားခွဲစိတ်မှုခံယူခဲ့ကာ ကျန်းမာရေးကောင်းမွန်နေ

Jan 28 • 5:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပါမောက္ခချုပ်ဆရာတော်ကြီး အသေးစားခွဲစိတ်မှုခံယူခဲ့ကာ ကျန်းမာရေးကောင်းမွန်နေ

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ခါးရိုးအဆစ်ပိုင်းတွင် အသေးစားခွဲစိတ်ကုသမှုခံယူခဲ့ရသည်ဟု သိရသည်။ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ကပ္ပိယအဖွဲ့မှ ကိုချမ်းမြေ့အောင်က လ...

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ခါးရိုးအဆစ်ပိုင်းတွင် အသေးစားခွဲစိတ်ကုသမှုခံယူခဲ့ရသည်ဟု သိရသည်။ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ကပ္ပိယအဖွဲ့မှ ကိုချမ်းမြေ့အောင်က လူမှုကွန်ယက်တွင် ရေးသားဖော်ပြထားသည်။ယနေ့ (ဇန်နဝါရီ ၂၈ရက်) နံနက်ပိုင်းက ရေးသားဖော်ပြထာရခြင်းလည်း ဖြစ်သည်။အသေးစားခွဲစိတ်ကုသမှုခံယူရမှုကြောင့် ဆရာဝန်ကြီးများက ဆရာတော်ဘုရားကြီးအား ရက်သတ္တပတ် ၆ ပတ် အနားယူကာ အချိန်အကြာကြီး ထိုင်ခြင်းမပြုလုပ်ရန်လမ်းညွှန်ထားသည်ဟု ဆိုသည်။တရားပွဲများကို ခေတ္တခဏရပ်နားထားသလို ဧည်တွေ့များလည်း ခေတ္တပိတ်ထားကြောင်း သူက ရေးသားထားသည်။ဆွမ်းဒါယကာ/ ဒါယကာမ များသည်လည်း အပို ဧည့်သည်ခေါ်လာခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း ကိုချမ်းမြေ့အောင်က ရေးသားထားသည်။

news-view-count-icon

35