menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ဂရုပြုစားသုံးပါက သွေးတွင်းသကြားဓာတ်မမြင့်တက်စေသောအသီး(၆)မျိုး

Jan 28 • 5:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-newsbreaking-news

မျှဝေမည်

share-news
cover

ဂရုပြုစားသုံးပါက သွေးတွင်းသကြားဓာတ်မမြင့်တက်စေသောအသီး(၆)မျိုး

သစ်သီးတိုင်းက သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားစေတာ မဟုတ်ဘဲ သဘာဝသကြားဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မျှတစွာ ပေးစွမ်...

cover-photo

သစ်သီးတိုင်းက သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားစေတာ မဟုတ်ဘဲ သဘာဝသကြားဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မျှတစွာ ပေးစွမ်းနိုင်တယ်လို့ ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ပရာနက်ဗ်ဂိုဒီက ပြောပါတယ်။ အရေးကြီးတာက စားသုံးတဲ့ပမာဏနဲ့ မှန်ကန်တဲ့ အသီးတွေဖြစ်ဖို့ပဲလို့ ဆိုပါတယ်။ အင်ဆူလင်အလုပ်လုပ်စေပြီး သွေးတွင်းသကြားဓာတ်ထိန်းပေးနိုင်မယ့် အသီး ၆ မျိုးကို ဖော်ပြထားပါတယ်။ ပန်းသီး - အခွံနဲ့ပါ စားသုံးရင် အမျှင်ဓာတ်နဲ့ ပိုလီဖီနောတို့ ပါဝင်ကာ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို လျှော့ချပေးပါတယ်။ ထောပတ်သီး - ကောင်းကျိုးပြု အဆီတွေ အမျှင်ဓာတ်တွေ ကြွယ်ဝပြီး ဂလူးကို့စ် တည်ငြိမ်စေပါတယ်။ဘလူးဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ အင်ဆူလင်ကို ဆဲလ်တွေ တုံ့ပြန်စေပါတယ်။ ဂရိတ်ဖရု - အင်ဆူလင် လုပ်ဆောင်မှုကောင်းစေတဲ့ သဘာဝဒြပ်ပေါင်း ပါဝင်ပါတယ်။လိမ္မော်သီးအလုံးလိုက် - ဖျော်ရည်မဟုတ်ဘဲ အသီးလိုက်စားခြင်းက အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-စီတို့ ပေးစွမ်းနိုင်ပြီး ဂလူးကို့စ်ညွှန်ကိန်း နည်းစေပါတယ်။ပန်းသီးအစိမ်း - အချိုဓာတ်နည်းပါးကာ ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။ အင်ဆူလင်ယဉ်ပါးခြင်း၊ ဆီးချိုစတဲ့ ပြဿနာရှိသူတွေကတော့ အသီးဖျော်ရည်၊ သစ်သီးခြောက်တို့ ရှောင်ရှားသင့်ပါတယ်။အသီးတွေကို သေချာရွေးချယ်ပြီး သတိထားစားသုံးပါက သွေးတွင်းသကြားဓာတ်ကို ထောက်ကူပေးနိုင်ပါတယ်။

news-view-count-icon

27

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

သွေးတိုးရသည့်အကြောင်းအရင်းကိုမဖြေရှင်းနိုင်လျှင် ဆေးဝါးများအသုံးမဝင်

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေဈေး ကျပ် ၁၀၈ သိန်းကျော်အထိ စံချိန်တင် ရောက်ရှိလာ

cover-photo
right-arrow-icon