back

၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူ ၂,၅၀၀ နီးပါးကို TNLA ဖမ်းဆီးအရေးယူ

Jan 28 • 4:12 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူ ၂,၅၀၀ နီးပါးကို TNLA ဖမ်းဆီးအရေးယူ

တအာင်းတပ်ဖွဲ့ (TNLA) သည် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ၎င်းတို့ ထိန်းချုပ်ရာဒေသများ၌ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃၁၆ ဦးနှင့် သုံးစွဲသူ ၂,၁၅၅ ဦး၊ စုစုပေါင်း ၂,၄၇၁ ဦးက...

တအာင်းတပ်ဖွဲ့ (TNLA) သည် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ၎င်းတို့ ထိန်းချုပ်ရာဒေသများ၌ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃၁၆ ဦးနှင့် သုံးစွဲသူ ၂,၁၅၅ ဦး၊ စုစုပေါင်း ၂,၄၇၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ ရောင်းဝယ်သူများကို ထောင်ဒဏ် ၇ နှစ်မှ နှစ် ၂၀ အထိ ချမှတ်သွားမည်ဖြစ်ပြီး၊ သုံးစွဲသူများကိုမူ ၆ လကြာ ဆေးကုသမှုနှင့် အကျင့်စာရိတ္တပြုပြင်ရေးစခန်းများသို့ ပို့ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ ဖမ်းဆီးမှုများအနက် မိုးကုတ်၊ မိုးမိတ်နှင့် မိုင်းလုံမြို့နယ်များတွင် အများဆုံးဖြစ်ပြီး၊ နမ့်ဆန်၊ ကျောက်မဲ၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်များအပါအဝင် နယ်မြေအသီးသီး၌ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

24