နယ်သာလန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ စွဲဆိုထားမှုအား သွားရောက်ရင်ဆိုင်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၌ ကျင်းပခဲ့သည်။ အဆိုပါ ထောက်ခံပွဲတွင် ပါဝင်သူ အင်အား ၇၀၀ ခန့်သည် နိုင်ငံတော်အလံများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံအားပေးသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ ဘိုကလေးမြို့အတွင်း စီတန်းလှည့်လည်ခဲ့ကြပြီးနောက်၊ နံနက် ၉ နာရီခွဲအချိန်တွင် လွတ်လပ်ရေးပန်းခြံ၌ နိုင်ငံတော်အလံအား အလေးပြု၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
Jan 28 • 4:04 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 0 | 0 | 0 |


