back

ပဲခူးတိုင်းဒေသကြီးတွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်လေးစီးဖမ်းမိခဲ့

Jan 28 • 4:01 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီးတွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်လေးစီးဖမ်းမိခဲ့

ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၁ ရက် နှင့် ၂၂ ...

ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ ဥသျှစ်ပင်မြို့နယ်နှင့် ဘုရားကြီးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ညောင်လေးပင်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၁၉၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇,၈၅၆) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈,၂၈၇,၈၅၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။



news-view-count-icon

28