back

မွန်ပြည်နယ်၊ဝင်းရော်ဆိပ်ကြီးမြစ်ကူးတံတား ပြုပြင်နေသဖြင့် သုံးရက်ကြာ ဖြတ်သန်းခွင့် ပိတ်ထား

Jan 28 • 2:30 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ဝင်းရော်ဆိပ်ကြီးမြစ်ကူးတံတား ပြုပြင်နေသဖြင့် သုံးရက်ကြာ ဖြတ်သန်းခွင့် ပိတ်ထား

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းပိုင်း၊ ဝင်းရော်ဆိပ်ကြီးကျေးရွာရှိ ဝင်းရော်မြစ်ကူးတံတားကို ပြုပြင်ထိန်းသိမ်းရေးလုပ်ဆော...

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းပိုင်း၊ ဝင်းရော်ဆိပ်ကြီးကျေးရွာရှိ ဝင်းရော်မြစ်ကူးတံတားကို ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်နေသဖြင့် သုံးရက်ကြာ သွားလာခွင့် ပိတ်ထားကြောင်း သိရသည်။မုဒုံမြို့မှ ဘုရားသုံးဆူမြို့သို့ အဓိကသွားလာဖြတ်သန်းရာ လမ်းကြောင်းပေါ်ရှိ အဆိုပါတံတားသည် ယမန်နှစ်မိုးတွင်းပိုင်းကပင် တံတားအစိတ်အပိုင်းအချို့ ပျက်စီးနေသဖြင့် ပြုပြင်ရန် လိုအပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်၍ ၂၉ ရက်နေ့အထိ တံတားပြုပြင်ထိန်းသိမ်းခြင်းများလုပ်ဆောင်သွားရန်ရှိပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

news-view-count-icon

18