back

မန္တလေးမြို့တွင် (၇၇) ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနား ကျင်းပ

Jan 28 • 2:29 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့တွင် (၇၇) ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနား ကျင်းပ

(၇၇)ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့ (Republic Day) အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ibis Style Hotel တွင် ဇန်နဝါရီ ၂၆ ရက် ညပိုင်...


(၇၇)ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့ (Republic Day) အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ibis Style Hotel တွင် ဇန်နဝါရီ ၂၆ ရက် ညပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက်အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။ဦးစွာ နှစ်နိုင်ငံချစ်ကြည်ရေး နိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုအခမ်းအနားကို ဖွင့်လှစ်ပေးပြီး အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal က နှုတ်ခွန်းဆက်စကားပြောကြားသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က (၇၇)ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့အတွက် ဂုဏ်ပြုစကားနှင့်နှစ်နိုင်ငံအကြား ပိုမိုချစ်ကြည်ရင်းနှီးမှုများ ဆတက်ထမ်းပိုးခိုင်မြဲပါစေကြောင်း ဆုမွန်ကောင်းတောင်းစကားများပြောကြားပြီးနောက် အိန္ဒိယယဉ်ကျေးမှုအဖွဲ့များမှ အိန္ဒိယနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကများနှင့် တေးသီချင်းသီဆိုမှုများဖြင့် ဂုဏ်ပြုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

17