back

ရန်ကုန်-မန္တလေးအမြန်လမ်းသုံးစွဲသည့်ပြည်သူများသို့ပန်ကြားချက်ထုတ်ပြန်

Jan 27 • 4:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်-မန္တလေးအမြန်လမ်းသုံးစွဲသည့်ပြည်သူများသို့ပန်ကြားချက်ထုတ်ပြန်

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၂၈-၃-၂၅ မန္တလေးငလျင်ကြီးကြောင့် ၁၆၅မိုင် ၁ဖာလုံ နှင့် ၁၆၅မိုင်၃ဖာလုံ အတွင်းရှိဆွာချောင်းတံတား မှာ အကြီးစားထိခိုက်ပျက်စီးခဲ့ရပြီး န...

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၂၈-၃-၂၅ မန္တလေးငလျင်ကြီးကြောင့် ၁၆၅မိုင် ၁ဖာလုံ နှင့် ၁၆၅မိုင်၃ဖာလုံ အတွင်းရှိဆွာချောင်းတံတား မှာ အကြီးစားထိခိုက်ပျက်စီးခဲ့ရပြီး နေပြည်တော် မှ ရန်ကုန် သို့သွားသောလမ်းပေါ် ရှိတံတားကို အသစ်ပြန်လည်တည်ဆောက်လျက်ရှိပါသည်။ ရန်ကုန်မှနေပြည်တော်သို့သွားသောလမ်းပေါ်ရှိတံတားမှာလည်းအရေးပေါ် ယာယီအသုံးပြုနိုင်ရန် တံတားအောက်မှဒေါက်များထောက်ခြင်း၊ တံတားအပေါ်၌ဘေလီသံပေါင်များ တပ်ဆင်ခြင်းများပြုလုပ်၍သုံးစွဲလျက်ရှိရာ တံတားကိုအသစ်ပြန်လည်တည်ဆောက်ပြီးစီးမည့် ၂၀၂၆ မတ်လကုန်အထိ အန္တရာယ်ကင်းစွာသုံးစွဲနိုင်ရေးအတွက် ယာဥ်၁စီးလျှင် ခရီးသည်+ကုန် (၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြုထားပါသည်။အမြန်လမ်းတိုးဂိတ်ကတ္တားများ၌ ခရီးသည်တင် မှန်လုံယာဥ် ကြီးများနှင့် ခွင့်ပြုကုန်စည်တင်ယာဥ်များကို ယာဥ်+ခရီးသည်/ပစ္စည်း (၂၃)တန် အထိအများဆုံးသယ်ဆောင်ခွင့်ပြုထားပါသည်။ ကညနမှခွင့်ပြုထားသောယာဥ်အမျိုးအစားအလိုက်သယ်ဆောင်ခွင့်ပြုထားသောယာဥ်+ခရီးသည်/ကုန်သတ်မှတ်တန်ချိန်များကိုလည်းဇယားဖြင့်တိကျရှင်းလင်းစွာဖော်ပြထားပါသည်။ စုစုပေါင်းအလေးချိန်(၂၃)တန်ထက်ပိုသောယာဥ်များအနေဖြင့်အမြန်လမ်းကို(လုံးဝ)သုံးစွဲခွင့်ပြုမည်မဟုတ်ဘဲအခြားလမ်းများမှသွားလာရမည်ဖြစ်ပါကြောင်း ခရီးသွား ပြည်သူများအား အသိပေးပန်ကြားအပ်ပါသည်ဟု

အမြန်လမ်း ထိန်းသိမ်းရေးနှင်ြ ကြီးကြပ်ရေးအဖွဲ့မှထုတ်ပြန်ထားပါတယ်။

news-view-count-icon

58