ရှမ်းရှေ့ကျိုင်းတုံမြို့မှာ (၅၀) ကြိမ်မြောက် "ဝ" တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပနေတဲ့ မြင်ကွင်းပုံရိပ်တွေပဲ ဖြစ်ပါတယ်။အခမ်းအနားကို ကျိုင်းတုံမြို့၊ ပင်ဆိုင်း "ဝ" ၊ မိုင်းဇင်အုပ်စုမှာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့၊ ညနေ ၆ နာရီက ဖွင့်ပွဲပြုလုပ်ခဲ့ပြီး တာဝန်ရှိလူကြီးများ၊ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာအသီးသီးမှ လူကြီးတွေနဲ့ ရပ်နီး၊ ရပ်ဝေးမှ မိဘပြည်သူ တိုင်းရင်းသားပေါင်းစုံတို့မှ တက်ရောက်ခဲ့ကြပါတယ်။(၅၀) ကြိမ်မြောက်၊ "ဝ" တိုင်းရင်းသား ရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ သုံးရက်တာ ပြုလုပ်သွားမှာဖြစ်ပြီး "ဝ" ရိုးရာ မီးပုံပွဲနဲ့အတူ တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ အကပဒေသာတွေကိုလည်း ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ကျိုင်းတုံ "ဝ" ရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်နဲ့အတူ "ဝ" တို့ရဲ့သမိုင်းအစဥ်အလာ၊ ရိုးရာနှစ်သစ်ကူး အကြောင်းအရာတွေကို နောက်လာမယ့် ရုပ်သံ video တွေမှာ ရိုက်ကူးတင်ဆက်သွားဖို့ရှိကြောင်းကို တစ်ပါးတည်း ဖော်ပြလိုပါတယ်။
Jan 27 • 4:15 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 17 | 0 | 0 | 0 |


