ယနေ့တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများသည် အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်၍ ကွဲပြားလျက်ရှိပါသည်။ ငှက်ပျောသီးဈေးနှုန်းမှာ အမျိုးအစားအလိုက် တစ်ဖီးလျှင် ၄,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ်အထိ ရှိနေပြီး၊ ပန်းသီးတစ်ပုံးလျှင် ၁၄၀,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။ အခြေခံဟင်းသီးဟင်းရွက်များဖြစ်သော ချဉ်ပေါင်ရွက် ၁၀ စည်းလျှင် ၂,၀၀၀ - ၄,၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်သေတ္တာလျှင် ၃၀,၀၀၀ - ၅၀,၀၀၀ ကျပ်နှင့် ငရုတ်သီးတစ်ပိဿာလျှင် ၄,၀၀၀ - ၈,၀၀၀ ကျပ်အတွင်း ရှိနေကြောင်း သိရသည်။ ဖော်ပြပါဈေးနှုန်းများသည် အချိန်နှင့် ဒေသအလိုက် အပြောင်းအလဲရှိနိုင်ပြီး အသေးစိတ်သိရှိလိုပါက "ထွက်တိုး" တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Jan 27 • 4:13 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 0 | 0 | 0 |


