သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ စိုင်းလောင်ဟိန်း သတ္ထုတူးဖော်ရေးကုမ္ပဏီ၏ ဖယ်ရိုမင်းဂနီး(စ်) စမ်းသပ်ရှေ့ပြေးစက်ရုံစီမံကိန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးစဉ် ကုမ္ပဏီတာဝန်ရှိသူများက အခြေခံကုန်ကြမ်းစုဆောင်းမှု၊ ကျိုချက်ရေးလုပ်ငန်းစဉ်များနှင့် မင်းဂနီး(စ်) သတ္ထုရိုင်းမှ ထွက်ရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များအကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယခုစမ်းသပ်စက်ရုံသည် သတ္ထုရိုင်းများကို ကုန်ကြမ်းအတိုင်းတင်ပို့မည့်အစား တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တာချီလိတ်ရှိ ဖယ်ရိုမင်းဂနီး(စ်) ရှေ့ပြေးစက်ရုံစီမံကိန်းအား ကွင်းဆင်းစစ်ဆေး
Jan 27 • 4:11 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


