ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နတ်ကြီးကုန်းရှမ်းပိုင်ရှိ ပညာလင်္ကာရ ဇောတိရှမ်းကျောင်းတိုက်တွင် အစဉ်အလာမပျက် ကျင်းပလာခဲ့သည့် (၂၄) ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော်ကြီးကို ဇန်နဝါရီ ၂၇ ရက် (တပို့တွဲလဆန်း ၁၀ ရက်) မှစတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ရှင်သာမဏေလောင်း ၇၀ ခန့်ကို တစ်ရက်လျှင် ၂၃ ပါးနှုန်းဖြင့် လေးရက်တိုင်တိုင် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်သွားမည်ဖြစ်ပြီး၊ ဇောတိရှမ်းရိုးရာ ဓလေ့ထုံးတမ်းများအတိုင်း ဝိနည်းနှင့် ရှင်ကျင့်ဝတ်များကို စနစ်တကျလေ့ကျင့်ထားသည့် ရှင်လောင်းလှည့်လည်ပွဲများ၊ ရှမ်းအိုးစည်အကဖျော်ဖြေမှုများနှင့် စတုဒီသာကျွေးမွေးမှုများ ပါဝင်မည်ဖြစ်ရာ မိမိတို့၏ ဘာသာသာသနာနှင့် ရိုးရာယဉ်ကျေးမှုကို စုပေါင်းထိန်းသိမ်းကြသည့် မွန်မြတ်သောပွဲတော်ကြီးသို့ မည်သူမဆို လာရောက်နွှဲပျော်နိုင်ပါကြောင်း သိရှိရပါသည်။
မိုးညှင်းမြို့၌ (၂၄) ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော်ကြီးကို ဇန်နဝါရီ ၂၇ ရက်မှစတင်၍ ၄ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Jan 27 • 3:37 AM
မြန်မာ
ကချင်
မျှဝေမည်
| 17 | 0 | 0 | 0 |


