back

ပုဂံ ခရီးသွား လုပ်ငန်းများနှင့် ဒေသခံများ ဖေဖော်ဝါရီလအတွင်း ရုံးပိတ်ရက်ရှည်အတွက် ကြိုတင်ပြင်ဆင်ထားနေ

Jan 27 • 3:31 AM

breaking-news

မြန်မာ

မန္တလေး

cover

ပုဂံ ခရီးသွား လုပ်ငန်းများနှင့် ဒေသခံများ ဖေဖော်ဝါရီလအတွင်း ရုံးပိတ်ရက်ရှည်အတွက် ကြိုတင်ပြင်ဆင်ထားနေ

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံဒေသသို့ ရုံးပိတ်ရက်ရှည်ကာလ၌ ခရီးသွားမပြတ် ဝင်ရောက်လေ့ရှိရာ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)မှစ၍ ဖေဖော်ဝ...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံဒေသသို့ ရုံးပိတ်ရက်ရှည်ကာလ၌ ခရီးသွားမပြတ် ဝင်ရောက်လေ့ရှိရာ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)မှစ၍ ဖေဖော်ဝါရီလ ၁၇ ရက် (တရုတ်နှစ်သစ် ကူးနေ့)အထိ ရက်ရှည်ပိတ်ရက် ခြောက်ရက်တာကာလအတွင်း ပုဂံယဉ်ကျေးမှုဒေသသို့ ခရီးသွားစည်ကားစွာ ဝင်ရောက်မယ်လို့ ခရီးသွားလုပ်ငန်းများနှင့် ဒေသခံတို့က ခန့်မှန်းထားခဲ့ပြီး ခရီးသွားများအဆင်ပြေချောမွေ့စေရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရပါတယ်။ပြည်တွင်း၊ပြည်ပခရီးသွားများ ပုဂံဒေသသို့ ရောက်ရှိချိန်မှာ ပြည်တွင်းခရီးသွားများအနေနဲ့ အထင်ကရဘုရား၊ စေတီ ၁၈ ဆူနှင့် ပုဂံအမှတ်တရနေရာများသို့ လည်ပတ်ကြလေ့ရှိပြီး ပြည်ပခရီးသွားများအနေဖြင့် ရှေးဟောင်း စေတီပုထိုးများ၊ ဧရာဝတီမြစ်ကမ်းပါး၊ အပန်းဖြေနေရာများ၊ ညနေဆည်းဆာနေရာများနှင့် ရိုးရာလက်မှုလုပ်ငန်း များကို ကြည့်ရှုလေ့လာလေ့ရှိပါတယ်။ အခုနှစ်စမှစတင်ပြီး ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုက တစ်ပတ်ကို ဘုရားဖူး ၅၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပါတယ်။

news-view-count-icon

16