မြိတ်ခရိုင်အတွင်း ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင် မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းရွာနှင့် ကျွန်းစုမြို့နယ် အမှတ် (၂) ရပ်ကွက်တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ပသောင်းကျေးရွာအုပ်စု၊ ပသောင်းတံတားအနီးရှိ ထရံကာ၊ ဓနိမိုး တန်းလျားတစ်ခုတွင် ကလေးမီးဆော့ကစားရာမှ မီးလောင်ခဲ့ပြီး ကျေးရွာမှ ရေကားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ကျွန်းစုမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာလည်း ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်ရသည့် အကြောင်းရင်းအသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ဇန်နဝါရီလ ၂၄ ရက် ညပိုင်းကလည်း မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာတွင် လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သွားရောက်ကူညီ ငြှိမ်းသတ်ပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်တွင်လည်း ယခုဇန်နဝါရီလ ၂၄ ရက်နေ့က ကလေးမီးဆော့ကစားရာမှ မီးစတင်လောင်ကျွမ်းပြီး နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့သည်။
| 17 | 0 | 0 | 0 |


