back

ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ပုံမှန်မြင့်တက်နေ

Jan 26 • 2:55 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ပုံမှန်မြင့်တက်နေ

ရန်ကုန်မြို့တွင်မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ နေ့စဉ်မြင့်တက်နေရာ ယခင်လများက ကြက်သွန်နီတစ်ပိဿာ ကျပ်၂၀၀၀ ကျပ်သာရှိခဲ့ရာမှ ယခုအခါ တစ်ပိဿာ ၅၀၀...

ရန်ကုန်မြို့တွင်မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ နေ့စဉ်မြင့်တက်နေရာ ယခင်လများက ကြက်သွန်နီတစ်ပိဿာ ကျပ်၂၀၀၀ ကျပ်သာရှိခဲ့ရာမှ ယခုအခါ တစ်ပိဿာ ၅၀၀၀ ကျပ်အထိ ‌ရောက်လာပြီး၊ အာလူးတစ်ပိဿာ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိရှိလာခဲ့သည်။ ကြက်သွန်ဖြူအလုံးကြီး တစ်ပိဿာကို ယခင်က ၁၂,၀၀၀ ကျပ်ရှိပြီး ယခုအခါ တစ်ပိဿာ ၂၀,၀၀၀ ကျပ်အထိမြင့်တက်လာကြောင်း သိရသည်။နေ့စဉ်မပါမဖြစ် အဓိကကျသည့် ဆီ၊ အချိုမှုန့်၊ အာလူး၊ ပဲ၊ ငရုပ် စသည့်ပစ္စည်းများပါ စျေးတက်လာခြင်းကြောင့် နေ့စဉ်ချက်ပြုတ်နေရသည့် အိမ်ရှင်မများမှာ အခက်ခဲများရင်ဆိုင်နေရကြောင်း သိရသည်။ထိုသို့စျေနှုန်းများမြင့်တက်လာခြင်းကြောင့် အောက်ခြေမိသားစုများ၊ လက်လုပ်လက်စားသမားများနှင့် စျေးသည်သူအချို့မှာ အခက်ခဲများဖြစ်ပေါ်နေကြောင်း သိရသည်။ထိုအခြေအနေတွင် အိမ်ရှင်မများက အလတ်စားဆန်နှင့် ဆန်ညံ့ကိုအချိုးကျရောစပ်စားသုံးခြင်းဖြင့် အိမ်စရိတ်ကို ခြွေတာနေကြရကြောင်း သိရသည်။


news-view-count-icon

12