back

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာတစ်ဦး နစ်နာကြေးရရှိရန် အလုပ်ရှင်က တာဝန်မယူ

Jan 26 • 12:40 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာတစ်ဦး နစ်နာကြေးရရှိရန် အလုပ်ရှင်က တာဝန်မယူ

ထိုင်းနိုင်ငံ လယွန်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုကြောင့် လက်ချောင်းများပြတ်သွားသော မြန်မာအလုပ်သမားအတွက် အလုပ်ရှင်က တာဝန်မယူသဖြင့် ခြောက်လကျော်ကြ...

ထိုင်းနိုင်ငံ လယွန်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုကြောင့် လက်ချောင်းများပြတ်သွားသော မြန်မာအလုပ်သမားအတွက် အလုပ်ရှင်က တာဝန်မယူသဖြင့် ခြောက်လကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ကိုမျိုးသန့်သည် လေယာဉ်အပိုပစ္စည်းစက်ရုံထဲ ကော်ကြိတ်နေစဉ် လက်အိတ်အစသည် စက်နှင့် ငြိပါသွားသဖြင့် ဘယ်ဘယ်လက်လည်း စက်ထဲ ဝင်ပါခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ မတော်တဆမှုဖြင့်ပြီးနောက် ဆေးရုံ သုံးရုံတွင် အသီးသီးလွှဲပြောင်း၍ ၂၈ ရက်အကြာ ဆေးကုသမှုခံယူခဲ့ရပြီး ဘယ်ဘက်လက်တွင် လက်ချောင်း လေးချောင်းကို ဖြတ်တောက်လိုက်ရသည်။ လက်ချောင်းများ ဆုံးရှုံးခဲ့မှုအတွက် ပကန်စံခွန်အတိုင်း နစ်နာကြေးရရှိရန် စက်ရုံဘက်က တာဝန်ယူလုပ်ဆောင်ပေးမည်ဟု ကိုမျိုးသန့်ကို ပြောဆိုထားသော်လည်း ဇန်နဝါရီလ ၂၆ ရက်အထိ နစ်နာကြေး ရရှိခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။




news-view-count-icon

15