စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာရိပ်သာကြီးများ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကောသလဉာဏ၏ သက်တော် ၇၄ နှစ်ပြည့် ဝိဇာတမွေးနေ့နှင့် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဂုဏဝိသိဌပူဇော်ပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၅ ရက်က သုဓမ္မစာရီဗိမာန်ကျောင်း၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် သြဝါဒစရိုက် ဆရာတော်ကြီးများ၏ လမ်းညွှန်ချက်ကို ခံယူကာ လယ်တီဝိပဿနာပြန့်ပွားရေးအဖွဲ့ချုပ်နှင့် သာသနာရေးဦးစီးဌာနတို့က ပူဇော်ပွဲကျင်းပမည့် လုပ်ထုံးလုပ်နည်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဆရာတော်ကြီး၏ မွေးနေ့နှင့် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို လာမည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် (တပို့တွဲလပြည့်နေ့) နံနက်ပိုင်းတွင် မုံရွာမြို့ နာရီစင်အနီးရှိ သုဓမ္မစာရီကလေးဝဗိမာန်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မုံရွာမြို့ သုဓမ္မစာရီနှင့် ရွှေတောင်ဦး ဆရာတော်ကြီး၏ သက်တော် ၇၄ နှစ်ပြည့် မွေးနေ့နှင့် ဘွဲ့တံဆိပ်တော်ပူဇော်ပွဲ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 26 • 7:23 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


