back

(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ၂၀ ခုဖြင့် နိုင်ငံအလိုက်အဆင့် (၆) နေရာ၌ ရပ်တည်

Jan 26 • 4:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ၂၀ ခုဖြင့် နိုင်ငံအလိုက်အဆင့် (၆) နေရာ၌ ရပ်တည်

ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်အထိ ပြိုင်ပွဲမ...

ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်အထိ ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ရာ ထိုင်လျက်ဘော်လီဘောတွင် အင်ဒိုနီးရှားကို အနိုင်ယူ၍ ရွှေတံဆိပ်ဆုနှင့် ၇ ယောက်တစ်ဖက်ဘောလုံးတွင် ငွေတံဆိပ်ဆုတို့အပါအဝင် ရွှေ (၂၀)၊ ငွေ (၁၉)၊ ကြေး (၂၀)၊ စုစုပေါင်း ဆုတံဆိပ် ၅၉ ခုဖြင့် နိုင်ငံအလိုက်အဆင့် (၆) နေရာတွင် ဂုဏ်ယူစွာရပ်တည်နိုင်ခဲ့သည်။ ယနေ့ပြိုင်ပွဲများတွင် ရေကူး (ညီညီလင်းထက်) နှင့် ပြေးခုန်ပစ် (ထက်ထက်အေး၊ စိန်ဖော့) တို့မှလည်း ရွှေတံဆိပ်များ ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။ ယခုနှစ်ရလဒ်သည် ပြီးခဲ့သည့် ၁၂ ကြိမ်မြောက်ပြိုင်ပွဲထက် ရွှေတံဆိပ် ၅ ခု ပိုမိုရရှိခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက နိုင်ငံတော်ကိုယ်စား ဂုဏ်ပြုဆုငွေများ (ရွှေ-၃၀၀၊ ငွေ-၂၀၀၊ ကြေး-၁၀၀ ဒေါ်လာ) ချက်ချင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

45